ကစား ခန်းများ

ပေါက်ကွဲမှု စီမံကိန်း
Project Fallout
အစုလိုက် အပြုံလိုက် ဖျက်စီးစေ နိုင်တဲ့ လက်နက် ဟာ တီထွင်တဲ့ သိပ္ပံပညာရှင် တစ်စုနဲ့အတူ ပျောက်ဆုံးသွားကြောင်း သတင်းရရှိတယ်။ သင့်အနေနဲ့ သင်ဘယ်သူ လဲ ၊ ဘယ်ရောက်နေလဲ ဘာဖြစ်ခဲ့လဲ ဆိုတာ လုံးဝ မမှတ်မိတော့ဘူး။ ဒါပေမဲ့ သက်ဆိုင်ရာက သင်လုံးဝ မမှတ်မိတော့တဲ့ ဒီလက်နက်နဲ့ ပတ်သက်ပြီး သင့်က်ု စစ်မေးနေတယ်။ သက်ဆိုင်ရာ ပြောကြားချက်ကတော့ သူတို့မလာခင် မှာ သင့်မှတ်ဉာဏ်ကို ဖျက်ပစ်လိုက်တယ် လို့ ပြောတယ်။ ယခုတော့ သင့်အနေနဲ့ သူတို့ရဲ့ စွပ်စွဲချက်တွေကို တုန့်ပြန်ဖို့ နဲ့ သင်ဘယ်သူလဲ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ကို အဖြေရှာဖို့ အတွက် ဖမ်းဆီး ခြင်းမှ လွတ်မြောက်အောင် သင်ကြိုးစားရတော့မယ်။ ကစားခန်းများ၏ အခက်အခဲ အဆင့် : 3/10 အခုဘိုကင် လုပ်ရန်
ရမ်းဘရင်န့် စစ်ပွဲ
Breakout Theme Room - War For Rembrandt၁၉၄၂ ခုနှစ်က ကျော်ကြားခဲ့တဲ့ နျူအီ ဗို သမ္မဂ နဲ့ ဟေဆယ် သမ္မဂ အကြား ဖြစ်ပွားခဲ့တဲ့ Rembrandt စစ်ပ္ပွဲ ကြောင့် ကမ္ဘာကြီးကို ဒေသကြီး ၂ ခု အဖြစ် ကွဲသွားစေတယ်။ တစ်နိုင်ငံက ပန်းချီ ပန်းပု အနုပညာ နှင့် စာပေ ထိန်းသိမ်းဖို့အတွက် တိုက်ပွဲဝင်ပြီး တစ်ဖက်က ဒီပညာရပ်တွေကို အသုံးချ ချယ်လှယ်ပြီး တစ်ကမ္ဘာလုံး အုပ်စိုးနိုင်ဖို့ အတွက် ကြိုးစားနေတယ်။ ဟေဆယ် သမ္မဂ နိုင်ငံက မတရားသိမ်းပိုက် ထားတဲ့ ရှေး ဟောင်းပစ္စည်းတွေကို သချိုင်းလွင်ပြင် ရထားလို့ ခေါ်တဲ့ လျို့ဝှက် မြေအောက်ရထား ဘူတာရုံမှာ သိုလှောင်ထားတယ်။သင့်အနေနဲ့ စာပေ နှင့် အနုပညာ ယဉ်ကျေးမှု ထိန်းသိမ်းနိုင်ရေးကို ယုံကြည်တဲ့ ပုန်ကန်သူအုပ်စုအနေနဲ့ ယင်း လျို့ဝှက် ဘူတာရုံကို ခြေရာခံမိ ပြီး နျူအီဗို သမ္မတ အကူအညီနဲ့ သူတို့ ပိုင်နက် ထိုးဖောက် ဝင်ရောက်ပြီး ရှေးဟောင်း ပစ္စည်းများကို သယ်ထုတ်သွားဖို့ ပြင်ဆင်ရတော့မယ်။ ကစားခန်းများ၏ အခက်အခဲ အဆင့် : 4.5/10 အခုဘိုကင် လုပ်ရန်
ဟောကပ်(စ်) (HOCUS) ချိန်ဘာ
Chamber of Hocus
Mr. Hocus ဟာ သူ့ရဲ့ ထူးခြားတဲ့ မျက်လှည့် ပါရမီကို အသုံးပြု၍ ရာဇဝတ်မှုများ ကျူးလွန်နေတဲ့ နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ ရာဇဝတ်သားကောင် ဖြစ်တယ်။ မကြာသေးမီက သူကျူးလွန်ခဲ့ တဲ့ ဓါးပြတိုက်ပြီး ဘေးရန်မခပဲ လွတ်မြောက်သွားခဲ့တယ်။ သူ့ရဲ့ ပြစ်မှုကျူးလွန်တဲ့ ဝိသေသ လက္ခဏ ကတော့ ဖဲချက် များနဲ့ ကစားပြီး "Hocus Pocus၊ သင့်အနေနဲ့ Hocus ကိုရှာဖွေနိုင်လား" ဆိုတဲ့ message သယ်ဆောင်တယ်။ သူဟာ ကောက်ကျစ် စဉ်းလဲတဲ့ ဟာသဉာဏ် ရှိသော အလွန် အန္တာရယ် ရှိတဲ့ လူတစ်ယောက် အဖြစ် လူသိများတယ်။ သူဟာ အလိုချင်ဆုံး မျက်လှည့် ဆရာ ရာဇဝတ်သားကောင် ဖြစ်တယ်။ သူ့ကို ရှာဖွေဖို့ သင့်နဲ့ သင့်ရဲ့ အဖွဲ့ဟာ Mr. Hocus ကို ဖမ်းဆီးနိုင်ဖို့ မျှော်လင့်ချက်နဲ့ သူ့ရဲ့ ထူးခြားဆန်း ကြယ် လှတဲ့ သူ့ရဲ့အခန်း ကို ဝင်ရောက်ရှာဖွေ ရမှာ ဖြစ်ပါတယ်။ ကစားခန်းများ၏ အခက်အခဲ အဆင့် : 4/10 အခုဘိုကင် လုပ်ရန်
မစ္စတာ အော့စ်ဝဲလ် (OSWALD) ၏ အခမ်းနား ဆုံးပြပွဲ
Mr Oswald’s Greatest Show
Marionette (ရုပ်သေးရုပ်) ဆိုတာ ရုပ်သေး ဆရာ ရဲ့ စကားလုံး မပါ အသက်ဝင်တဲ့ ဖျော်ဖြေတင်ဆက် မှုကို ဖန်တီးပေးတဲ့ အဆင်တန်ဆာ ပဲဖြစ်တယ်။ Marionette ဆိုတာ ပြင်သစ် စကားလုံးကနေ ဆင်းသက်လာပြီး အဓိပ္ပာယ်ကတော့ " ကြိုးကို အသုံးပြု ပြီး လှုပ်ရှားရတဲ့ ရုပ်သေးရုပ် တမျိုး" လို့ ဆိုတယ်။ Mr. Oswald က နာမည်ကြီး ရုပ်သေးရုပ်ဖြစ်ပြီး ဒါ့အပြင် သူ့ရဲ့ နောက်ကွယ်က ကြိုးကိုင်သူ ထူးခြားဆန်းကြယ်တဲ့ ရုပ်သေးဆရာက သူ့ရဲ့ သရုပ်အမှန် ဖုံးကွယ်ထားတယ်။ ကမ္ဘာအဝန်းသူ့ရဲ့ သရုပ်အမှန်ကို သိချင်နေကြတယ်။ ဒီညကတော့ Mr.Oswald ရဲ့ အခမ်းနားဆုံးပြပွဲ ဖြစ်တယ်။ ရုပ်သေးဆရာ အနေနဲ့ သူ့ရဲ့ သရုပ် ဇာတိ အမှန် ကို ကံကောင်းလှတဲ့ ပွဲကြည့် ပရိတ်သတ် အနည်းငယ်ကိုသာ ထုတ်ဖော် ပြသမယ်လို့ ကတိပေးထားပြီးဖြစ်တယ်။ ဒါဟာ သင့်အနေနဲ့ Mr. Oswald ရဲ့နောက်ကွယ်က တမူထူး ခြားဆန်းကြယ်တဲ့ ရုပ်သေးဆရာရဲ့ ဇာတိရုပ် အမှန်ကို သိခွင့်ရမဲ့ အခွင့်အရေးဖြစ်တယ်။ လက်မှတ်များ မြန်မြန် ရောင်း ကုန်နေပြီ။ အခုချက်ချင်း ဝယ်ပြီး တင်ဆက်မှုကို ခံစားလိုက်ကြစို့။ကစားခန်းများ၏ အခက်အခဲ အဆင့် : 8/10 အခုဘိုကင် လုပ်ရန်