FAQ

FAQ:

မေး ။ BreakOut Escape Room ဆိုတာဘာလဲ။

ဖြေ ။ Breakout ဟာ ကမ္ဘာပေါ် မှာ ပထမဆုံး ကစားပွဲ ဇာတ်ကောင်တွေ ကို မိတ်ဆက်ပေးထားတဲ့ တကယ့် လက်တွေ့ ဘဝ လွတ်မြောက်အောင် ကြိုးစားတဲ့ ကစားပွဲ တစ်ခုဖြစ်တယ်။  ဇာတ်ကောင် တွေကို  မိတ်ဆက်ထား ခြင်းအားဖြင့် ကစားသူ အဖွဲ့ဝင် အချင်းချင်း ကြား ကစားပွဲ ဗျူဟာတွေကို ပိုမို သိမြင်လာစေပြီး အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့ နေရာမှာ အကြိတ်အနယ်     ဆောင်ရွက်နိုင်တဲ့  ပတ်ဝန်းကျင်လည်း ဖန်တီးပေးတယ်။ ဇာတ်ကောင်တွေရဲ့ စွမ်းရည် တွေကို မဟာဗျူဟာကျကျ တွဲပေးထား နိုင်ရင် မတူညီတဲ့ ကစားပွဲ တွေကို ဖြေရှင်းနိုင်ရန် ပြီးပြည့်စုံ တဲ့ အဖွဲ့ကို  ဖွဲ့စည်းနိုင်မှာ ဖြစ်တယ်။  ဒါမှအချိန်တိုအတွင်း ကစားသူတွေ အနေနဲ့ မိမိတို့ ဆောင်ရွက် ရမယ့်တာဝန်များကို အောင်မြင်ပြီးစီးနိုင်မယ်။

 

 

မေး ။ အသက်အရွယ်ကန့်သတ်ချက် ရှိပါသလား။

ဖြေ ။ မရှိပါဘူး။ ဒါပေမဲ့ အသက် (၁၃) နှစ်အောက်ကလေးများ အတွက် မိဘ အုပ်ထိန်းသူနှင့် အတူ လာရောက်ကစားရန်လိုအပ်ပါတယ်။

 

 

မေး ။ နေ့တိုင်း ဆိုင်ဖွင့်ပါသလား ။ နောက်ဆုံး ကစားရမည့် အချိန် က ဘယ်ထိလဲ။

ဖြေ ။ ဟုတ်ကဲ့။ နေ့တိုင်း ဆိုင်ဖွင့် ပါတယ်။

တနင်္ဂနွေကနေ ကြာသပတေး က မနက် ၉ နာရီ မှ ည ၉နာရီ အထိ၊ သောကြာ နှင့် စနေ က မနက် ၉ နာရီ မှ ည ၁၀ နာရီ အထိ ဖွင့်လှစ် ထားပါတယ်။

 

 

မေး ။ ဆိုင်ဖွင့်ချိန် Game စတင်ကစားနိုင်တဲ့ အချိန် နှင့် အခန်း(၁) ခု ချင်းစီ၏ အချိန်ဇယား က ဘာလဲ။

ဖြေ ။ ဆိုင်အနေနဲ့ တနင်္ဂနွေကနေ ကြာသပတေး က မနက် ၉ နာရီ မှ ည ၉နာရီ အထိ၊ သောကြာ နှင့် စနေ က မနက် ၉ နာရီ မှ ည ၁၀ နာရီ အထိ ဖွင့်လှစ် ထားပါတယ်။

တစ်ခန်းချင်းစီ၏ အချိန်ဇယားကို ဝက်ဆိုက် https://yangon.breakoutescapegame.com/my/ တွင်

 ကြည့်ရှုနိုင်ပါသည်။ ဝက်ဆိုက်တွင် ကြိုတင် ဘွတ်ကင်ယူနိုင်ပါသည်။

 

 

မေး ။ ကစားပွဲ တစ်ခုချင်းစီ ၏ ကြာမြှင့်ချိန် ဘယ်လောက်လဲ။

ကစားပွဲတစ်ခု၏ကြာမြင့်ချိန်မှာ ၁ နာရီ ၁၅ မိနစ်ခန့်ဖြစ်ပါတယ်။ ၁၅ မိနစ်က  ဂိမ်းနှင့်ပက်သက်သည်များကို ရှင်းပြမှာ ဖြစ်ပြီး ကစားချိန်ကတော့ ၅၅ မိနစ်ဖြစ်ပါတယ်။

အချိန်စီမံကွပ်ကဲသူဇာတ်ကောင်ကို ရွေးချယ်လျှင် အချိန်ပို ၅ မိနစ် ထပ်ရမှာဖြစ်ပြီး  စုစုပေါင်း  ကစားချိန် ၁ နာရီ  ကြာမြင့်မှာပဲ ဖြစ်ပါတယ်။

 

 

 မေး ။ စာတွေအကုန်လုံး က အင်္ဂလိပ် လိုလား။

ဖြေ ။ မဟုတ်ပါဘူး။ အားလုံး လွယ်ကူစွာ ဆော့ကစားနိုင် ဖို့ မြန်မာလို ရော အင်္ဂလိပ် လိုရော  ရေးပေးထားပါတယ်။

 

 

မေး ။ အွန်လိုင်းမှတစ်ဆင့် ဘွတ်ကင် မဖြစ်မနေလုပ်ရမှာလား (သို့မဟုတ်) ဒီအတိုင်း မလုပ်ဘဲ လာကစားလို့ ရလား။

 ဖြေ ။ အထူးသဖြင့် ပိတ်ရက်များတွင် အတတ်နိုင်ဆုံးမိမိကစားမည့်အခန်းအတွက်  ကြိုတင်ဘွတ်ကင်ပြု လုပ်ရန်  အကြံပြုပါတယ်။ ဘွတ်ကင်မလုပ်လျှင်  ဦးရာလူစနစ်ဖြစ်တဲ့အတွက်   ကစားမည့်နေ့တွင်  တတ်နိုင်သလောက်  စောစောလာရောက်ပြီး ဘွတ်ကင်တင်ရန်လိုအပ်ပါသည်။

 

 

မေး ။  ဘွတ်ကင်ကိုသေချာချင်လျှင် ဘယ်လောက်စောစောလာရမလဲ။

ဖြေ။ ကျေးဇူးပြု၍ ဘွတ်ကင်ကို သေချာချင်လျှင် မိမိဂိမ်းကစားမည့်အချိန်မတိုင်မှီ မိနစ် ၃၀ ခန့်စော၍ လာရောက်  ငွေချေရပါမည်။

တစ်ချက်သတိပြုစေချင်တာက မိနစ် ၃၀ အလိုတွင် ရောက်မလာပါက ဘွတ်ကင်  အလိုအလျောက်ပျက်ပြယ်သွားမည်ဖြစ်ပါသည်။

 

 

မေး ။ အကယ်၍ ဘွတ်ကင်လုပ်ထားပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်း မရောက်လာနိုင်ပါက ဘယ်လို လုပ်ရမလဲ။

ဖြေ ။ ဘွတ်ကင်ပျက်ပြယ်ခြင်းမှ ရှောင်ရှားနိုင်ရန် ကျေးဇူးပြု၍အချိန်မှီ လာရောက်ပေးစေလိုပါတယ်။  နောက်ကျမှ ရောက်ရှိခြင်းသည် နောက်ဂိမ်းကစားသူများ၏ ဂိမ်းပွဲစဉ်များကိုလည်း ထိခိုက်စေနိုင်ပါသည်။

ဒါ့အပြင် မိမိတို့ကစားမည့် အချိန်လည်း လျော့နည်းသွားပါလိမ့်မယ်။

အချိန်တိတိကျကျ လာရောက်ပေးဖို့လည်းတောင်းဆိုပါတယ်။

 

 

မေး ။ ဘိုကင်လုပ်ထားပြီး ကစားမည့် လူအရေအတွက် ပို/ လျော့ သွားပါက ဖုန်းဆက်ပြီး အသိပေးဖို့ လိုအပ်သလား။

 ဖြေ ။ မလိုအပ်ပါဘူး။ ဘွတ်ကင်ပယ်ဖျက်မှသာလျှင် ၂၄ နာရီ မတိုင်မှီ ဖုန်းကြိုဆက်ပေးပါ။ ကိုယ်ပိုင်အခန်း  ဖြစ်သဖြင့် ၈ ယောက် ထိကြိုက်သလောက်ကစားနိုင်ပါတယ်။ ရောက်ရှိ  မှ သာလျှင် ရှိသည့်  လူအရေအတွေက် အတိုင်းငွေပေးချေရမှာ ဖြစ်ပါတယ်။

 

 

မေး ။ ကလေးများ ပါဝင် ကစားနိုင်ပါသလား ။

 ဖြေ ။ ရပါတယ် ။ မိသားစုလိုက် လာရာက်ဆော့ကစားနိုင်တဲ့ ကစားပွဲဖြစ်ပါတယ်။

တခြား မိသားစုဝင်များ အတူတူ  လာရောက် ကစားတာမျိုးရှိပါတယ်။

အခန်းများဟာ ကြောက်စရာကောင်းအောင် ပြင်ဆင်ထားခြင်းမျိုး မရှိသော်လည်း ကလေးများ အထူးသဖြင့် ၇ နှစ်အောက် ကလေးများ အတွက် အချို့သော ဆန်းကြယ် တေးဂီတမျိုးကို  ခံစားနိုင်ရန် အလွန်  ငယ်ရွယ်သည့်အတွက် အုပ်ထိန်းသူ မိဘများ အနေနဲ့ တာဝန်ယူ ဆောင်ရွက်ရန်လိုအပ်ပါတယ်။

 

 

မေး ။ ဘယ်လို ဝတ်စားဆင်ယဉ်မှုက သင့်တော်ပါသလဲ ။

ဖြေ ။ သက်တော့ သက်သာရှိတဲ့ လှုပ်လှုပ်ရှားရှားလုပ်နိုင်တဲ့ အဝတ်အစား များဝတ်ဆင်ရန်လိုအပ်ပါတယ်။ အချို့နေရာများမှာ ကိုယ်လက် လှုပ်ရှား မှုကို အသုံးပြုရတဲ့ အခက်အခဲများ ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

 

 

မေး ။ ဖိနပ်စီးရန်လိုအပ်ပါသလား ။

ဖြေ ။ လိုအပ်ပါတယ်။ အခန်းများ သန့်ရှင်း စေရန်အတွက် ဖိနပ်ဝတ်ဆင်ရန် လိုအပ်ပါတယ်။

 

 

မေး ။ အကယ်၍ ပိုက်ဆံအိတ် နှင့် အထုပ်တွေ ပါခဲ့ရင် ဘယ်လိုလုပ်ရမလဲ ။

ဖြေ ။ အခန်းတစ်ခုချင်းစီမှာ မိမိတို့ ပစ္စည်းများ အား သော့ခတ်ထားနိုင်တဲ့ locker များ ရှိထားပြီး ယင်းသော့များကို ကစားနေတဲ့ ကာလအတွင်း မိမိနဲ့အတူ ယူဆောင်သွား ရမှာဖြစ်တယ် ။

 

 

မေး ။ နှလုံး အားနည်းသူများ ၊ ကိုယ်ဝန်ဆောင်သည်များ နှင့် မသန်စွမ်း များ လာရောက် ကစားနိုင်ပါသလား ။

ဖြေ ။ တစ်ချို့သော ကစားပွဲများဟာ အံ့သြစရာ များ၊  ကိုယ်လက် လှုပ်ရှားမှု အနည်းငယ် အသုံး

ပြုရတဲ့ အခက်အခဲများ ဥပမာ- ကျော် တက်ခြင်း ၊ တွားသွားခြင်း တို့ပါဝင်ပါတယ်။

ဒါပေမဲ့ ကစားသူအနေနဲ့ ဆက်လက် ကစားလိုစိတ် မရှိ လျင် ကစား ပွဲ ခေါင်းဆောင် (game master) အား အသိပေး ၍ ကစားပွဲ မှ ထွက်ခွာနိုင်ပါတယ်။

 

 

မေး ။ ဘယ်နှစ်ယောက် အများဆုံးကစား နိုင်ပါသလဲ ။

ဖြေ ။ ကစားပွဲ တစ်ခုကို (၈) ယောက် အများဆုံး ကစားနိုင်ပြီး ကစားမည့်သူ  (၈)ယောက်  အထက် ရှိပါက (၂) ဖွဲ့ခွဲ ပြီး  အခန်းခွဲ ကစားရန် အကြံပြုလိုပါတယ်။

ဒါမှ ပိုမိုသက်တောင့် သက်သာရှိပြီး လုံခြုံစိတ်ချစွာ ကစားနိုင်မှာ ဖြစ်ပါတယ်။

 

 

မေး ။ အကယ်၍ ပေးထားသော အချိန်အတွင်း မလွတ်မြောက်ပါက မည်သို့ ဖြစ်မလဲ။

ဖြေ ။ စိတ်မပူပါနဲ့။ ကစားပွဲခေါင်းဆောင် က အပြင်ကိုလာခေါ် သွားပေးပါမည်။

 

  

မေး ။ တစ်ခြား ကမ်းလှမ်း ချက်များ ( သို့မဟုတ်) လျော့ဈေး အစီအစဉ် များရှိပါသလား။

ဖြေ ။ www.facebook.com/breakoutyangon ကို Like လုပ်ထားခြင်းဖြင့် လည်းကောင်း ၊  www.instagram.com/breakoutyangon ကို follow လုပ်ထားခြင်းဖြင့်လည်းကောင်း အထူး promotion အစီအစဉ်များ ၊ လိုအပ်တဲ့ သတင်းအချက်များ သိရှိနိုင်ပါတယ်။

 

 

မေး ။ တစ်ယောက် ထဲလာကစားလို့ ရပါသလား။

ဖြေ ။ မရပါဘူး၊ အနည်းဆုံး (၂) ယောက် ရှိ မှ အဆင်ပြေ မှာပါ။ သူငယ်ချင်း များ နဲ့ အတူပျော်ပျော် ပါးပါး လာကစားလိုက်ပါ။

 

 

မေး ။ အကယ်၍ အုပ်စုလိုက် ပူးပေါင်းဆောင်ရွက်မှု စွမ်းရည် ဖွံ့ဖြိုးတိုးတက် ရေး နှင့် ပတ်သက်၍ မိမိတို့ ကုမ္ပဏီ သို့မဟုတ် Breakout ကို တခြားသူများအား  အသိပေး ချင်ပါတယ်။ Cooperate price နဲ့ ဆက်သွယ် ရမည့် ပုဂ္ဂိုလ် က ဘယ်သူပါလည်း။

ဖြေ ။ info@yangon.breakoutescapegame.com ကို စုံစမ်း မေးမြန်းနိုင်ပါတယ်။

 

 

မေး ။ Marketing အတူတူ တွဲလုပ်ချင်ပါတယ်။ ဘယ်သူ့ ကို ဆက်သွယ်ရမလဲ။

ဖြေ ။ ကျေးဇူးပြု၍ အသေးစိတ် အစီစဉ် ကို info@yangon.breakoutescapegame.com ကိုပေးပို့လိုက်ပါ။

 

 

မေး ။ Breakout ကို ကျွန်ူပ်၏ နိုင်ငံ/ မြို့မှာ ဖွင့် ချင်ပါတယ်။ ဘယ်သူ့ ကို ဆက်သွယ်ရမလဲ။

ဖြေ ။ ကျေးဇူးပြု၍ မေးခွန်းများကို business@breakout.com.my သို့ပေးပို့ပါ သို့မဟုတ် ဒီဟာကို နိပ် လိုက်ပါ။